တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၅ ရက်နေ့ ညနေပိုင်းက ရီဂါ နိုင်ငံတော် စာကြည့်တိုက်၌ လက်သွေးဗီးယား ဝန်ကြီးချုပ် ကူဂင်စကီစ်၊ ဟန်ဂေရီ ဝန်ကြီးချုပ် အိုဘန်တို့နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပဉ္စမ အကြိမ် တရုတ်- အလယ်အရှေ့ဥရောပ နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ၏ အောင်ကျိုးရလဒ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
လီခေ့ချန်က၊ ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ကမ္ဘာ့ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ထိန်းသမ်းရန်၊ ကုန်သွယ်မှု လွတ်လပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေးကို တွန်းအားပေးရန်၊ ဂလိုဘယ်လေဇင်းရှင်း ဖြစ်စဉ် တွန်းအားပေးရန် အချက်များ ပေးနေကြောင်း၊ တရုတ်နှင့် အလယ်အရှေ့ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ ကုန်သွယ်ရေးစည်းစနစ် ထိန်းသိမ်းရန်၊ ကမ္ဘာ့ စီးပွါးရေး ညီမျှစွာ ဖွံ့ဖြိုးရန်အတွက် အကျိုးရှိမည် ဖြစ်ကြောင်း ပြောကြားသည်။