မကြာမီက တောင်ကိုးရီးယားဘဏ် တစ်ခုက မြန်မာနိုင်ငံရှိ ဘဏ်ခွဲသည် တရားဝင် လုပ်ငန်း လုပ်ဆောင်ခဲ့ပြီး လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ဘဏ်ခွဲ ထားရှိပြီး လုပ်ငန်းများ လုပ်ဆောင်ရန် ခွင့်ပြုချက်ရ နိုင်ငံခြားဘဏ်မှာ ၁၃ ခု ရှိပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလက မြန်မာ ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ် ၉ ခု မြန်မာ၌ ဘဏ်ခွဲ ထားရှိရန် ခွင့်ပြုခဲ့ပြီး ယခုနှစ် မတ်လတွင် နောက်ထပ် နိုင်ငံခြားဘဏ် ၄ ခု မြန်မာ၌ ဘဏ်ခွဲ ထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။