ပဉ္စမ အကြိမ် တရုတ်-အလယ်အရှေ့ဥရောပ ထိပ်သီး အစည်းအဝေး ကျင်းပ

2016-11-07 12:05:03 |သတင်းအရင်းအမြစ် 国际在线

ဒေသစံတော်ချိန် ၅ ရက်နေ့ ညနေပိုင်းက တရုတ် ဝန်ကြီးချုပ် လီခေ့ချန်နှင့် အလယ်အရှေ့ ဥရောပ နိုင်ငံ ၁၆ နိုင်ငံမှ ခေါင်းဆောင်များသည် လက်သွေးဗီးယား နိုင်ငံ ရီဂါ မြို့တော်၌ ပဉ္စမ အကြိမ် တရုတ်-အလယ်အရှေ့ဥရောပ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လီခေ့ချန်သည် နောင်တွင် ၁၆+၁ ပူးပေါင်းဆောင်ရွက်မှု၌ အခြေခံ အဆောက်အအုံနှင့် အပြန်အလှန် ဆက်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရမည်ဟု အဆိုပြုချက် တင်ပြကြောင်း သိရပါသည်။

၅ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် ရီဂါ လုပ်ငန်းစဉ်ကို အတည်ပြုခဲ့ပြီး ၁၆+၁ ငွေကြေး ကုမ္ပဏီ တရားဝင် တည်ထောင်ခြင်းကိုလည်း ထုတ်ပြန်ကြညာခဲ့ကြောင်း သတင်းရရှိပါသည်။