ဒေသစံတော်ချိန် နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီ မိနစ်၃၀အချိန်တွင် တရုတ် ရေတပ်မှ ကျင့်ဟိုစစ်သင်္ဘောသည် အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ တန်ဂျွန်ပရစ်ဆိပ်ကိမ်းသို့ ရောက်ရှိပြီး ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်ကို စတင်လှည့်လည်ခဲ့ကြောင်း တရုတ်သတင်း ဌာနမှ သတင်းအရ သိရပါသည်။
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ အာဆီယံနိုင်ငံများဆိုင်ရာ တရုတ် သံမှူးကြီး၊ သံမှူး၊ သံရုံးမှအရာရှိများ၊ အင်ဒိုနီးရှားနိုင်ငံရှိ တရုတ်ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ ပညာ တော်သင်များ၊ အင်ဒိုနီးရှားရောက် တရုတ်နွယ်ဖွားများနှင့် အင်ဒိုနီးရှားရေတပ် တတိယ အခြေစိုက် စခန်းမှ တပ်မှူးတပ်သားများသည် ဆိပ်ကမ်းသို့ သွားရောက်ကြိုဆိုကြ ကြောင်း သတင်းရရှိပါသည်။