တရုတ်နိုင်ငံတော်ကောင်စီ ဟောင်ကောင်၊ မကာအို ရေးရာရုံးသည် ဟောင်ကောင် အခြေခံဥပဒေ ပု

2016-11-09 09:58:03 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော်ကောင်စီ ဟောင်ကောင်၊ မကာအို ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူက ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၂၄ အကြိမ် အစည်းအဝေးတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အခြေခံ ဥပဒေ ပုဒ်မ ၁၀၄ ဆိုင်ရာ ရှင်းပြချက် အတည်ပြုခြင်းနှင့် ပတ်သက်ပြီး ၇ ရက်နေ့က မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၎င်းက၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးအဖွဲ့ ရွေးကောက်ပွဲနှင့် အမတ်လောင်းအချို့သည် ကျမ်းသိစ္စာ ကျိန်ဆိုသည့်အခါ ဟောင်ကောင် ခွဲထွက်ရေး ဝါဒကို ဖြန့်ခြင်း၊ နိုင်ငံတော်နှင့် အမျိုးသားကို စော်ကားခြင်းကြောင့် ဖြစ်စေသော ပြဿနာများကို ရည်စူးပြီး တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက အခြေခံဥပဒေ သက်ဆိုင်ရာ ပုဒ်မကို ရှင်းပြခြင်း ဖြစ်ပြီး ဥပဒေနှင့်အညီ ကျမ်းသစ္စာ ကျိန်ဆိုခြင်း၏ သက်ဆိုင်ရာ အဓိပ္ပါယ်နှင့် လိုအပ်ချက်များကို ရှင်းလင်းအောင် သတ်မှတ်ထားကြောင်း ပြောကြားသည်။