၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၈၃ အကြိမ် ကော်မတီဥက္ကဋ္ဌများ အစည်းအဝေးကို ၇ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ရာ ဥက္ကဋ္ဌ ကျမ်းတေကျန်းသည် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
အစည်းအဝေးတွင် အင်တာနက် လုံခြုံမှုဥပဒေမူကြမ်းနှင့် ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ အခြေခံဥပဒေ ပုဒ်မ ၁၀၄ ရှင်းပြချက်မူကြမ်းကို ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၂၄ အကြိမ် အစည်းအဝေးသို့ မဲပေး အတည်ပြုရန် တင်သွင်းမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။