တရုတ်-အာဆီယံ စင်တာသည် နှစ်ဖက် ကူးလူးဖလှယ်ရေး အရေးကြီး ပလက်ဖေါင်း ဖြစ်လာ

2016-11-09 10:26:07 |သတင်းအရင်းအမြစ် 国际在线

တရုတ်-အာဆီယံ စင်တာသည် စင်တာ တည်ထောင်ခဲ့သည့် ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မကြာမီက ပီကင်း၌ ကျင်းပခဲ့ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် စွင်ကိုရှန်၊ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ အလှည့်ကျ သဘာပတိ နိုင်ငံ လာအိုနိုင်ငံ သံအမတ်ကြီး ဗန်ဒီ၊ တရုတ်နိုင်ငံဆိုင်ရာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ သံအမတ်ကြီးနှင့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံမှ သံတမန်အရာရှိများ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးနှင့် စီမံကိန်းအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ တရုတ်အစိုးရဌာနမှ အရာရှိများ၊ စက်မှု၊ ကုန်သွယ်မှု၊ ပညာရေး၊ လုပ်ငန်းကုမ္ပဏီနှင့် မီဒီယာမှ ဧည့်သည်တော် စုစုပေါင်း လူ ၄၀၀ ခန့်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့သည်။ ဝမ်ယိ၏ ဂုဏ်ပြုသဝဏ်လွှာတွင်၊ ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးရေး ဆက်ဆံမှု ထားရှိ ခဲ့သည့် ၂၅ နှစ်ပြည့်နှင့် နှစ်ဖက် ပညာရေး ကူးလူးဖလှယ်ရေးနှစ် ဖြစ်ကြောင်း၊ ၂၅ နှစ်အတွင်း နှစ်ဖက်တို့သည် အပြန်အလှန် လေးစား နားလည်ပြီး အပြန်အလှန် ယုံကြည် ထောက်ခံကာ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်အောင်မြင်မှုများကို ရရှိ ခဲ့ကြောင်း ရေးသားထားသည်။

တရုတ်နိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီး ဗန်ဒီက၊ တရုတ်-အာဆီယံ စင်တာသည် ပေါင်းကူးတံတားနှင့် ပလက်ဖေါင်း အဖြစ် တရုတ်နှင့်အာဆီယံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် မီဒီယာ စသည့်နယ်ပယ်များမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ တွန်းအားပေးခဲ့ကြောင်း ပြောကြားသည်။