တရုတ်နှင့်အာဆီယံတို့၏ ကြိုးပမ်းမှုများ ပြင်ပနိုင်ငံလေးစားရန် တရုတ်မျှော်လင့်

2016-11-09 10:30:13 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူ့ခန်းက၊ တောင်ပင်လယ် အခြေအနေသည်၊ ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း၊ ပြင်ပနိုင်ငံ များအနေနှင့်၊ တောင်ပင်လယ်အေးချမ်းတည်ငြိမ်မှု ကာကွယ်ထိန်းသိမ်းရေးအတွက် တရုတ်နှင့် အာဆီယံ နိုင်ငံများ၏ အားထုတ်ကြိုးပမ်းမှုများကို လက်တွေ့ထိရောက်စွာ လေးစားရန် မျှော်လင့်ပါ ကြောင်း ယမန်နေ့ ၇ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

လူ့ခန်းက၊ တရုတ်-ဖိလစ်ပိုင်သို့မဟုတ်၊ တရုတ်-မလေးရှား၂ နိုင်ငံခေါင်းဆောင်တို့၏ တွေ့ဆုံဆွေးနွေးပွဲနှင့် တရုတ်နှင့်၎င်း၂ နိုင်ငံတို့မှ ထုတ်ပြန်ခဲ့သော သက်ဆိုင်ရာ ကြေညာ ချက်များတွင်၊ တောင်ပင်လယ်အခြေအနေသည်၊ ကောင်းမွန်စွာ တိုးတက်နေသည်ကို တွေ့မြင်နိုင်ကြောင်း ပြောကြားခဲ့သည်။