ကုလရာသီဥတုညီလာခံကျင်းပ

2016-11-09 10:31:25 |သတင်းအရင်းအမြစ် 国际在线

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်သဘောတူစာချုပ် ၂၂ ကြိမ်မြောက် စာချုပ် ချုပ်ဆိုသော အဖွဲ့ဝင်များညီလာခံကို ယမန်နေ့ ၇ ရက်နေ့က မော်ရိုကိုနိုင်ငံ Marrakechမြို့ တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းသည်၊ ပါရိသဘောတူစာချုပ် တရားဝင် အာဏာတည်လာပြီးနောက်၊ ပထမအကြိမ် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ညီလာခံဖြစ်ကြောင်း ဆင်ဟွာ သတင်းအရသိရသည်။

နိုင်ငံနှင့် ဒေသ ၁၉၀ ကျော်မှ ကိုယ်စားလှယ်များသည်၊ ၁၂ ရက်ကြာ အစည်းအဝေး တွင် ပါရိသဘောတူစာချုပ်၏ အသေးစိတ်အချက်အလက်များကို စူးစမ်းလေ့လာ မည်ဖြစ် ပြီး၊ ပါရိသဘောတူစာချုပ်ကို လက်တွေ့ဖော်ဆောင်ရန်အတွက် တစ်ဆင့်တက်တွန်းအား ပေးကြမည်ဟု သိရသည်။