မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးသစ်နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံမှု လွန်စွာ ကောင်းမွန်သည်ဟု ဂျပန်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ နှစ်ဖက် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ချီးတက်ရန် တွန်းအားပေးလိုကြောင်း ၇ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
လူခမ်းက၊ အိမ်နီးချင်းနိုင်င်များအဖြစ် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး အခြေခံ နက်ရှိုင်ပါကြောင်း၊ ယခုနှစ် သြဂုတ်လ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ခေတ်သစ်တွင် နှစ်ဖက်အကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် ပတ်သက်ပြီး အရေးကြီး သဘောတူညီမှုကို ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ အခွင့်ကောင်းများကို ထိထိမိမိ အသုံးချပြီး နှစ်ဖက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု အဆက်မပြတ် တိုးတက်စေရန် တွန်းအားပေး လိုကြောင်း ပြောကြားသည်။
လူခမ်းက၊ မြန်မာနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့ ပုံမှန် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်ပြည်က ထောက်ခံပါကြောင်း၊ နိုင်ငံတကာ မိသားစုကြီးအနေနှင့် မြန်မာနိုင်ငံ ရေရှည် ပုံမှန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။