တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အစည်းအဝေးတွင် ဟောင်ကောင် အေ

2016-11-09 10:47:14 |သတင်းအရင်းအမြစ် 国际在线

၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၂၄ အကြိမ် အစည်းအဝေးတွင် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အခြေခံဥပဒေ ပုဒ်မ ၁၀၄ ရှင်းပြချက်ကို ၇ ရက်နေ့က မဲပေး အတည်ပြုခဲ့ပြီး သက်ဆိုင်ရာ အစိုးရ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုရာတွင် လိုက်နာရသည့် ဥပဒေ အစီအစဉ်နှင့် အကြောင်းအရာများကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ထားသည်။

တရုတ် နိုင်ငံရေးနှင့် တရားရေး တက္ကသိုလ် တရားဥပဒေ ကောလိပ်ကျောင်း ဒုကျောင်းအုပ်ကြီး ကျော်ဟုန်ချမ်က၊ ယင်းရှင်းပြချက်သည် နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှု တည်တံ့ပြည့်စုံရေးနှင့် အခြေခံဥပဒေ သြဇာအာဏာ ထိန်းသိမ်းရေး အတွက် အကျိုးရှိမည် ဖြစ်ပြီး ဟောင်ကောင်၌ တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး မူဝါဒ မပြောင်းလဲအောင် အာမခံပေးမည် ဖြစ်ကြောင်း ပြောကြားသည်။