တရုတ်ပြည် ယူနန်ပြည်နယ် လင်ဆောင်မြို့တွင် နိုဝင်ဘာလ ၆ရက်နေ့မှ ၁၃ရက်နေ့ အထိ ဆဌမ အကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲကို ကျင်းပကြောင်း၊ တရုတ်၊ မြန်မာ၊ မလေးရှားနှင့် ကမ္ဘောဒီးယားစသောနိုင်ငံများမှ ကုန်သည်များသည် တက်ရောက်ပြီး ပူးပေါင်းဆောင်ရွက်မှု အခွင့်ကောင်းများကို ရှာကြံကြကြောင်း၊ တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။