တရုတ်ပြည်တောင်ပင်လယ်ရေးရာသုတေသနအကယ်ဒမီနှင့် တရုတ်-အာဆီယံ တောင်ပင်လယ်ရေးရာသုတေသနဌာနတို့ ပူးတွဲ ဦးစီးကျင်းပသော ဒုတိယအကြိမ် တရုတ်-အာဆီယံ ပင်လယ်ရေးရာဥပဒေနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အဆင့်မြင့် မွမ်းမံ သင်တန်းကို ယမန်နေ့ ၇ ရက်နေ့က တရုတ်ပြည်ဟိုင်နန်းပြည်နယ် ဟိုင်ကိုမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။
ယခုအကြိမ်သင်တန်းကို ၁၀ရက်ကြာကျင်းပမည်ဖြစ်ပြီး ပင်လယ်ရေးရာဥပဒေ၊ ပင်လယ် နယ်နိမိတ်မျဉ်းကြောင်းသတ်မှတ်ခြင်း၊ နိုင်ငံတကာရေကြောင်းပို့ဆောင်ရေး၊ ဒေသတွင်းလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ပင်လယ်ရေးရာ ဘက်စုံ စီမံခန့်ခွဲရေးစသည်တို့ ပါဝင်ပါသည်။