တရုတ်ပြည်ကျန်စူး-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲကို ယမန်နေ့ ၇ရက်နေ့က တရုတ်ပြည်ကျန်းစူးပြည်နယ်ဝူးရှီးမြို့၌ ဖွင့်လှစ်ကြောင်း၊ ကျန်းစူးပြည်နယ် ပညာရေးဌါနညွှန်ကြားရေးမှူးချုပ် ရှင်ကျန့်က ယခုနှစ်ကျန်းစူးပြည်နယ်သည် တရုတ်ယွမ်ငွေ ၃သန်းဖြစ်သည့် အာဆီယံပညာရည်ချွန်ဆုငွေကို သီးသန့်ထားပေးပြီး လက်ရှိအချိန်တွင် ကျောင်းသူကျောင်းသား အယောက်၆၀သည် အဆိုပါဆုငွေကိုရရှိပြီး ယခုနှစ်စက်တင်ဘာလက ကျောင်းဝင်ခဲ့ကြပြီဖြစ်ကြောင်း ယခုအကြိမ်ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌါနမှသတင်းအရသိရပါသည်။