မြန်မာ့သီးနှံများ ကမ္ဘာ့ ဈေးကွက်ဝင်နိုင်ရန် နိုင်ငံတကာ စံညွှန်းများအတိုင်း လုပ်ဆေ

2016-11-09 11:48:50 |သတင်းအရင်းအမြစ် 新华网

နေပြည်တော်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ သီးနှံများအား ကမ္ဘာ့ ဈေးကွက်ဝင် သီးနှံများ ဖြစ်လာစေရေးအတွက် နိုင်ငံတကာ စံချိန် စံညွှန်းများ အတိုင်း ချမှတ် လုပ်ကိုင်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်က ယနေ့ နံနက်ပိုင်း၌ ပြောကြားခဲ့သည်၊

“ မြန်မာနိုင်ငံ အနေနဲ့  စိုက်ပျိုးရေး သီးနှံတွေ တန်ဖိုးမြင့်ပြီး ကမ္ဘာ့ ဈေးကွက်ကို ချိတ်ဆက် ထိုးဖောက်သွားနိုင် ရေးအတွက် နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့် ပြန့်  ကျင့်သုံးနေတဲ့ စံချိန် စံညွှန်းများ အတိုင်း ချမှတ် လုပ်ဆောင် သွားဖို့ သန္နိဌာန်ချထားပါတယ်” ဟု နေပြည်တော် The Lake Garden ဟိုတယ်တွင် ယနေ့ နံနက် ကျင်းပသည့် စိုက်ပျိုးရေး ထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တာဝန်ယူမှု ရှိသော စိုက်ပျိုးရေး ထွက်ကုန်များ ထုတ်လုပ်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

“ဒီလို ဆောင်ရွက်နိုင်ဖို့ က သတင်း အချက်အလက်တွေ ဝေမျှရုံနဲ့ မရပါဘူး၊  စီမံကိန်းချပြီး လက်တွေ့  ဆောင်ရွက်ရမယ့် Action plans တွေ လိုအပ်ပါတယ်” ဟုလည်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို  စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် နှင့် အရာရှိကြီးများ၊ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီး ဌာနမှ အရာရှိများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာ့ စိုက်ပျိုးရေး စားသောက်ကုန် ကဏ္ဍမှ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံသူများ၊ စားသုံးသူဆိုင်ရာ အဖွဲ့ အ စည်းများ၊ အလုပ်သမား အဖွဲ့ အစည်းများနှင့် ဖွံ့ ဖြိုးရေး မိတ်ဖက် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ နှင့်အတူ ကမ္ဘာ့  အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စံချိန် စံညွှန်း သတ်မှတ်ရေး ထိပ်တန်း အဖွဲ့အစည်း များ ဖြစ်သည့် Global GAP, Fairtrade, FSSC 22000 ESifh Global Food Safety Initiative (GFSI) စသည့် အဖွဲ့ အစည်းများမှ နိုင်ငံတကာ ပညာရှင်များ အပါအ၀င် ၇၀ ဦးခန့်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

Global GAP ၏ အမှုဆောင် အရာရှိချုပ် Dr. Kristian Moeller က “Global GAP အနေနဲ့  Global GAP Academy ကို မြန်မာနိုင်ငံမှာ တည်ထောင် ဖွင့်လှစ်နိုင်ရေးအတွက် စဉ်းစားပါမယ်၊ Academy တည်ထောင်ခြင်း အားဖြင့် ပြည်တွင်းနဲ့ နိုင်ငံတကာ ဈေးကွက်များအတွက် မြန်မာနိုင်ငံဟာ ယုံကြည် အားကိုးလို့ ရနိုင်တဲ့ အစားအစာ ထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်ကို ရောက်ရှိစေမှာပါအစားအသောက်များ ဘေးကင်းရေးနဲ့  အရှည်သဖြင့် ဖွံ့ ဖြိုးမှုကို အားပေးတဲ့ အခြေနေတစ်ရပ် တစ်ရင် တည်ဆောက်နိုင်ဖို့ အထောက်အပံ့ ပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

PRIME Holdings ၏  အမှုဆောင် အရာရှိချုပ် Mr. Kenneth Shein က “ နိုင်ငံတကာ စံချိန် စံညွှန်းတွေကို မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး အသေးစား လုပ်ကိုင်နေတဲ့လယ်သမားတွေနဲ့  စိုက်ပျိုးရေး အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်း တစ်လျှောက်မှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဟာ နိုင်ငံခြား ရင်ျးနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာရော၊ တန်ဖိုးမြင့် ဈေးကွက်များကို ချိတ်ဆက်ဖို့  လမ်းပွင့်ရေး အတွက်ပါ အဓိက ကျတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

မြန်မာ့ စီးပွားရေး ကဏ္ဍ တာဝန်ယူမှု ရရှိရေး အထောက်အကူပြုဌာန (MCRB:_ Myanmar Centre for Responsible Business) နှင့် PRIME Agri ကုမ္ပဏီ တို့ ပူးပေါင်း ကျင်းပသည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လုပ်ငန်းမှ ထွက်ရှိသည့် ထိုသီးနှံများအား ကုန်ကြမ်း အဖြစ် အသုံးပြု ရရှိ လာသည့် စားသောက်ကုန်စည်များ ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် တာဝန်ယူမှု ရှိသော ကုန်ကြမ်း ထုတ်လုပ် ၀ယ်ယူ သုံးစွဲမှုများ (responsible sourcing) ကို မြှင့်တင်နိုင်ရန်၊ ထိုမှတစ်ဆင့် ကမ္ဘာ့ဈေးကွက် များသို့  ထိုး ဖောက် ၀င်ရောက်နိုင်စေရန် ရည်ရွယ်ပြီး နိုဝင်ဘာ ၈ ရက်မှ  ၉ ရက်ထိ နှစ်ရက်တိုင် ပြုလုပ်မည်ဟု သိရသည်။ (Xinhua)