တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ဒေသစံတော်ချိန်နိုဝင်ဘာ ၈ ရက်နေ့ညနေပိုင်းက မော်စကို ကရီမလင်နန်းတော်၌ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံနှုတ် ဆက်ခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။
လီခေ့ချန်သည် ရှေးဦးစွာ နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ သမ္မတပူတင်အား နှုတ်ခွန်းဆက်သမှုကို တဆင့်ပြောကြားခဲ့သည်။ လီခေ့ချန်က တရုတ်နှင့်ရုရှားတို့သည် အကြီးဆုံးအိမ်နီးချင်းနိုင်ငံနှင့် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တစ်လျှောက်လုံး တည်ငြိမ်စွာ ရှေ့သို့ တိုးတက်ကာ အောင်ကျိုးရလဒ်သစ်များ အဆက်မပြတ်ရရှိခဲ့ကြောင်းပြောကြားသည်။
ပူတင်က ရုရှား-တရုတ်နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်၊ အစိုးရခေါင်းဆောင်များသည် ရင်းနှီးစွာ ကူးလူးဆက်ဆံကြပြီး နှစ်ဖက်အစိုးရအကြား ပူးပေါင်းဆောင်ရွက်ရေးစနစ်လည်း ချောမောစွာ လည်ပတ်နေကြောင်းပြောကြားသည်။
လီခေ့ချန်သည် တရုတ်-ရုရှားဝန်ကြီးချုပ် ၂၁ အကြိမ်အချိန်မှန်တွေ့ဆုံပွဲသို့ တက်ရောက်ပြီးနောက် အထူးလေယာဉ်ဖြင့် မော်စကိုသို့ ရောက်ရှိခြင်းဖြစ်သည်။