နိုင်ငံတကာကုန်သွယ်မှုအားနည်းနေသောဖိအားကို ရင်ဆိုင်လျက် တရုတ်ပြည်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဆက်သွယ်သော တရုတ်ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသသည် တရုတ်-အာဆီယံကုန်ပစ္စည်းတိုင်းတာ စစ်ဆေးရေးဇုံတည်ဆောက်ရေးကို တွန်းအားပေးနေပြီး နှစ်ဘက်ကုန်သွယ်မှုဖွံ့ဖြိုးရေးကို အားသစ်လောင်းပေးရန် အာဆီယံအဖွဲ့နှင့် အရည်အသွေးတိုင်းတာ စစ်ဆေးရေးပူးပေါင်းဆောင်ရွက်မှုပြုလုပ် နေကြောင်း တရုတ်ကွမ်ရှီးပြည်နယ်ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးတိုင်းတာရေး ကြီးကြပ်အရာရှိ ဝမ်ကယ်ကြည့်က ၈ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။