တရုတ်-ဂျာမဏီ ၁၄ကြိမ်မြောက် လူ့အခွင့်အရေး ဆွေးနွေးပွဲကို ၈ရက်နေ့က ဂျာမဏီ နိုင်ငံ ဘာလင်မြို့တွင် ကျင်းပခဲ့ကြောင်း၊ တရုတ်နှင့်ဂျမဏီတို့သည် လူ့အခွင့်အရေးနယ်ပယ် တွင် ရရှိသော တိုးတက်မှုသစ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ကိုယ့်အမြင်သဘော၊ တရားဥပဒေအရ လူ့အခွင့်အရေး ထိန်းသိမ်းစောင့်ရှောက်ရေး စသောစိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲသည် ပွင့်လင်းနက်ရှိုင်းကာ အပြန်အလှန် နားလည်မှု တိုးပွားစေရန်အတွက် အကျိုးရှိသည်ဟု နှစ်ဖက်တို့ ယူဆကြကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။