အာဆီယံ၁၀နိုင်ငံအဓိကမီဒီယာများ ဖုယန်မြို့၌ ခရီးလှည့်လည်

2016-11-11 11:37:24 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ခုနှစ် အာဆီယံ၁၀နိုင်ငံအဓိကမီဒီယာများ နှင့် တရုတ်အဓိကမီဒီယာများ အန်းဟွေးခရီးစဉ် မီဒီယာအဖွဲ့သည် ၈ ရက်နေ့က တရုတ် အန်းဟွေးပြည်နယ် ဖုယန်မြို့၌ ခရီးလှည့်လည်ပြီး ဖုယန်မြို့၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အောင်ကျိုးရလဒ်များကို အာရုံစိုက်ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် အန်းဟွေးခရီးစဉ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အဓိက မီဒီယာများနှင့် စီအာအိုင်အပါအဝင် မီဒီယာများမှ စုစုပေါင်း သတင်းထောက် ၄၀ ခန့်ပါဝင်ပြီး တရုတ် အန်းဟွေးပြည်နယ်၌ ခရီးလှည့်လည်ကြောင်း သိရသည်။