ဟောင်ကောင်ရေးရာများတွင် နိုင်ငံခြားအစိုးရ ဝင်ရောက်စွက်ဖက်ခြင်း တရုတ်ဆန့်ကျင်

2016-11-11 11:38:54 |သတင်းအရင်းအမြစ် 国际在线

 ဟောင်ကောင်အခြေခံဥပဒေ ပုဒ်မ-၁၀၄ ဆိုင်ရာ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ရှင်းလင်းချက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝေဖန်သုံးသပ်ချက်ကို ရည်စူးပြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဟောင်ကောင်ဆိုင်ရာ အထူးအရာရှိရုံးမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက၊ ဟောင်ကောင် ရေးရာများသည်၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမျှ ဝင်ရောက်စွက်ဖက်မှုမပြုသင့်သကဲ့သို့၊ ဝင်ရောက်စွက်ဖက်ခွင့်လည်းမရှိကြောင်း ယမန်နေ့ ၈ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ သည်ဟု ဆင်ဟွာသတင်းအရသိရသည်။