တရုတ် အရန် နိုင်ငံခြားငွေပမာဏ ၄ လ ဆက်တိုက် ကျဆင်း

2016-11-11 11:40:05 |သတင်းအရင်းအမြစ် 国际在线

တရုတ်ဗဟိုဘဏ်မှ ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ၊ ယခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည်၏ အရန် နိုင်ငံခြားငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၁၂၀ ရှိပြီး စက်တင်ဘာလကထက် ဒေါ်လာ ၄၅ ဘီလီယံ ကျော် လျော့နည်းလာကြောင်း၊ ယင်းသည် လွန်ခဲ့သည့် ၉ လအတွင်း ကျဆင်းမှု အများဆုံးသောလပင် ဖြစ်ပြီး ၄ လ ဆက်တိုက် ကျဆင်းခြင်းလည်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် အရန် နိုင်ငံခြားငွေ ပမာဏ လျော့နည်းလာခြင်း၏ အကြောင်းရင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှု သုတေသနဌာန ဌာနမှူး ထမ်ယာလင်က၊ ဈေးကွက် အခြေအနေ၊ အရန် ငွေကြေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲခြင်းနှင့် နိုင်ငံခြားငွေ စီမံအုပ်ချုပ်ခြင်း စသည့် အကြောင်းရပ်များအပြင် တရုတ်ပြည် နိုင်ငံခြားကုန်သွယ်မှု အခြေအနေ ပြောင်းလဲခြင်းသည်လည်း အဓိက အကြောင်း တစ်ရပ် ဖြစ်ကြောင်း သုံးသပ်ထားသည်.

ထမ်ယာလင်က၊ တရုတ် အရန်နိုင်ငံခြားငွေ ပမာဏ ကျဆင်းသော်လည်း နိုင်ငံခြား ကြွေးမြီ ပြန်ဆပ်နိုင်စွမ်း၊ သွင်းကုန် စာရင်းရှင်းနိုင်စွမ်း ဂိန်းညွှန်းများနှင့် ချိန်ပါက တရုတ်ပြည်၏ အရန် နိုင်ငံခြားငွေ ပမာဏမှာ ဖူဖူလုံလုံ ရှိနေသေးကြောင်း ပြောကြားသည်။