တရုတ်-ကန် ဆက်ဆံရေး စနစ် ပြောင်းလဲမည် မဟုတ်

2016-11-16 10:50:10 |သတင်းအရင်းအမြစ် 新华网

ဒေသစံတော်ချိန် နိုဝင်ဘာ ၈ရက်နေ့က အမေရိကန် ရီပတ်ဘရစ်ကင်ပါတီ သမ္မတ လောင်း ဒိုနယ် ထရန့်သည် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လာမည့် အကြိမ် သမ္မတ အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ အမေရိကန် အပါအဝင် နိုင်ငံတကာ စနစ် နက်ရှိုင်းစွာ ပြောင်းလဲနေသည့် လက်ရှိ အခြေအနေမျိုးတွင် ထရန့်၏ သမ္မတ တာဝန် ကြီးလေးကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

ထရန်၏ အရွေးခံရခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံမှု အပါအဝင် နိုင်ငံတကာ အခြေအနေ အပေါ် အသင့်အတင့် ဂယက်ရိုက်ခတ်မည် ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး စနစ်သည် ပြောင်းလဲမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ၏  အကျိုး စီးပွားကို အခြေခံပြီး တရုတ်-အမေရိကန် နိုင်ငံကြီး ဆက်ဆံမှုသစ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှု ရှင်သန် စွာဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကို အကောင်အထည်ဖော်ရန် အတွက် အဓိက နည်းလမ်း ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

တရုတ်-အမေရိကန် ဆက်ဆံမှုသည် ကမ္ဘာပေါ်က အရေးအကြီးဆုံး နှစ်ဖက် ဆက်ဆံမှု ဖြစ်ပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပစဉ် အတွင်း လူအများ၏ အာရုံစိုက်ကြသည့် အချက်လည်း ဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ်က နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၅၀ကျော်ရှိပြီး ၂၀၂၄ခုနှစ်ရောက်လျှင် ကန်ဒေါ်လာ ဘီလီယံ ၁ထောင်ကျော် ရှိမည်ဟု ခန့်မှန်းရကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံမှုတွင် အချင်းပွားမှုနှင့် ယှဉ်ပြိုင်ခုခံမှု မပြုခြင်း၊ အပြန်အလှန် လေးစားရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူအောင်မြင်မှုများ ရရှိရေး မူများကို စွဲကိုင်ခြင်းသည် တရုတ်-အမေရိကန် ပြည်သူများ၏ ရေရှည် အကျိုးစီးပွားနှင့် အရင်းခံ အကျိုးစီးပွားများနှင့် ကိုက်ညီကြောင်း ရေးသားဖော်ပြသည်။