ဒေါ်နယ် ထရန့်ထံသို့ ရှီကျင့်ဖိန် ဂုဏ်ပြုသဝဏ်လွှာပေးပို

2016-11-16 10:57:29 |သတင်းအရင်းအမြစ် 国际在线

ယမန်နေ့ ၉ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အမေရိကန် သမ္မတသစ် ဒေါ်နယ် ထရန့်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

   သဝဏ်လွှာတွင် ရှီကျင့်ဖိန်က အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံ၊ အကြီးဆုံးဖွံ့ဖြိုးပြီးနိုင်ငံနှင့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးအုပ်စု နှစ်ခုအနေနှင့် တရုတ်-အမေရိကန်နှစ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး၊ တစ်ကမ္ဘာလုံးစည်ပင်သာယာမှု တိုးမြှင့် ရေးဘက်တွင် ထူးခြားသော အရေးကြီး တာဝန်ဝတ္တရားထမ်းဆောင်နေပြီး ကျယ်ပြန့်သော တူညီသည့် အကျိုးစီးပွားရှိကြောင်း၊ ရေရှည် တည်ငြိမ်သော တရုတ်-အမေရိကန်ဆက်ဆံရေးဖွံ့ဖြိုးတိုး တက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက နိုင်ငံတကာ မိသားစုကြီး၏ မျှော်လင့်ချက်လည်း ဖြစ်ကြောင်းဖေါ်ပြသည်။