တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက အီကွေဒိုးသမ္မတ Rafael Correa Delgado ၊ ပီရူးသမ္မတ Pedro Pablo Kuczynski Godard နှင့် ချီလီသမ္မတ Michelle Bachelet တို့၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၇ရက်နေ့မှ ၂၃ ရက်နေ့အထိ ၄င်းသုံးနိုင်ငံ၌ ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ပီရူးသမ္မတ Pedro Pablo Kuczynski Godard၏ ဖိတ်ကြားချက်အရ ဥက္ကဌရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပီရူးနိုင်ငံ လီမာမြို့၌ ကျင်းပမည့် ၂၄ကြိမ်မြောက် အေပက် အလွတ်သဘော ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ၉ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။