၃ရက်ကြာ တရုတ်-အာဆီယံ ဘောလင်းရင်ဆိုင်ယှဉ်ပြိုင်ပွဲ ယမန်နေ့ ၁၀ ရက်နေ့ ညက တရုတ်နိုင်ငံကွမ်ရှီးပြည်နယ် လျိုကျိုးမြို့၌ ဖိုင်နယ်ပွဲကို ကျင်းပခဲ့ရာ တရုတ်ဟောင်ကောင်အဖွဲ့သည် ၂ဂိုး ဂိုးမရှိ ဖြင့် တရုတ်မကာအိုအဖွဲ့ကို နိုင်ပြီး ချန်ပီယံဆု ရရှိကာ မလေးရှားကိုယ်စားလှယ်အဖွဲ့သည် တတိယဆုရရှိခဲ့သည်ဟုတရုတ်သတင်းဌာနမှ သတင်းအရသိရသည်။
တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသ၊ စင်ကာပူနှင့် မလေးရှားအပါ အဝင် စုစုပေါင်း အဖွဲ့၂၀တို့သည် ယခုအကြိမ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်ဟုသိရသည်။