လောင်းမတ်ခ်ျ အမှတ်-၁၁ သယ်ဆောင်ဒုံးပျံကို ၁၀ ရက်နေ့က တရုတ် ကျိုချွမ်း ဂြိုဟ်တု လွှတ်တင်ရေးစခန်း၌ အောင်မြင်စွာ လွှတ်တင်ခဲ့၍ တရုတ်ပြည် ပထမဆုံး pulsar စမ်းသပ်ဂြိုဟ်တုသည် သတ်မှတ် ကမ္ဘာပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ဝင်ရောက် ခဲ့ကြောင်း၊ ထို့ပြင် ယင်းသယ်ဆောင်ဒုံးပျံသည် ဂြိုဟ်တု ၄ စင်းကို တပြိုင်တည်း သယ်ဆောင်လွှတ်တင်ခြင်း ဖြစ်ပြီး တရုတ်ပြည် အစိုင်အခဲလောင်စာ သယ်ဆောင်ဒုံးပျံ တစ်စင်းဖြင့် ဂြိုဟ်တုများစွာကို တပြိုင်တည်း လွှတ်တင်ခြင်း စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။