ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဓိက ဆွေးနွေးရေး အကြောင်းကိစ္စနှင့် ပတ်သကသ်ပြီး ရုရှားနှင့် တရုတ်၏ ရပ်တည်ချက်သည် တူညီသို့မဟုတ် နီးစပ်ပါကြောင်း၊ နှစ်ဦးနှစ်ဘက်တို့သည် ဆွေးနွေးပွဲကို ရင်းနှီးစွာ ပြုလုပ်ကြကြောင်း၊ ယင်းသည် ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက်ဆက်ဆံမှု၏ အဆင့်မြင့်အရည်အချင်းကို ပြသကြောင်း ၁၀ ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာသတင်းအရသိရသည်။