တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးလောင်း Chito Sta. Romana ၏ သက်ဆိုင်ရာပြောဆိုချက်နှင့် ပတ်သက်၍၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာမှ ပြောရေးဆိုခွင့် ရှိသူ လူ့ခန်းက၊ သက်ဆိုင်ရာမီဒီယာများအနေနှင့်၊ တိကျမှန်ကန်စွာ သတင်းဖော်ပြနိုင်ရန် မျှော်လင့်ပါကြောင်း၊ လက်ရှိတရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုသည်၊ ဘက်စုံကောင်းမွန်လာနေ ပြီး၊ တရုတ်ပြည်အနေနှင့်၊ ၂ နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးနက်ရှိုင်းစေရန် ဖိလစ်ပိုင်နှင့်အတူတကွ ကြိုးပမ်းသွားလိုကြောင်း ၁၁ ရက်နေ့က ကျင်းပသော ပုံမှန်သတင်း စာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။