ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အာဆီယံဒေသတွင်း အဆင့်မြင့်ပြိုင်ပွဲကြီးဖြစ်သည့် AFF Suzuki Cup 2016 ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပရမည်ဖြစ်သည့်အတွက် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရေးအတွက် CCTV ကင်မရာ အလုံး ၅၀ ကိုလည်း ကွင်းပတ်ပတ်လည်နှင့် ပွဲကြည့်စင်များ ပေါ်တွင် တပ်ဆင်ထားပြီး ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ယင်းကင်မရာများမှတစ်ဆင့် ပရိသတ်များ၏ လုံခြုံရေးကို သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ အစည်းများ အကူညီဖြင့် စောင့်ကြည့်ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် AFF Suzuki Cup 2016 အတွက် လုံခြုံရေး၊ ကစားကွင်းအတွင်း ဝန်ဆောင်မှုများနှင့် ပရိသတ်များ စနစ်တကျ အားပေးမှုများ ဖြစ်ပေါ်လာစေရန် အားစိုက်လုပ်ဆောင်လျှက် ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)