ခရစ်ချူးခ်ျဆိုင်ရာတရုတ်ကောင်စစ်ဝန်ချုပ်ရုံး၏ကူညီမှုအောက်တွင် နယူးဇီလန်တောင် ပိုင်းကျွန်းတွင် ပြင်းထန်သော ငလျင်ကြောင့် ပင်လယ်ကမ်းရိုးတန်းမြို့ ခါအီခူရာ၌ အခက်အခဲကြုံနေရသည့် တရုတ်ခရီးသည် ၁၂၅ဦးသည် ယနေ့ ၁၅ရက်နေ့ညနေပိုင်းက တောင်ပိုင်းအကြီးဆုံးမြို့ ခရစ်ချူးခ်ျသို့ လုံခြုံစွာ ရွှေ့ပြောင်းပြီးဖြစ်သည်ဟုဆင်ဟွာ သတင်းအရသိရသည်။
၁၄ရက်နေ့တွင် ရစ်ခ်ျတာစကေး ၇.၅အဆင့် ပြင်းအားကြီးငလျင် လှုပ်ခတ်ပြီးနောက် နယူးဇီလန် တောင်၊မြောက် ကျွန်းနှစ်ခုတွင် နောက်ဆက်တွဲငလျင် ၉၀၀ခန့်လည်း ထပ်မံလှုပ်ခတ်ခဲ့သည်ဟုသိရသည်။