ဝမ်ချင်နှင့် ကမ္ဘောဒီးယားလွှတ်တော်အတွင်းရေးမှူးချုပ် လန်ဘန်လွန်နှင့်တွေ့ဆုံ

2016-11-16 16:41:05 |သတင်းအရင်းအမြစ် 国际在线

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်ဝမ်ချင်သည် နိုဝင်ဘာလ၁၄ရက်နေ့က ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ ကမ္ဘောဒီးယားလွှတ်တော်အတွင်းရေးမှူးချုပ် လန်ဘန်လွန် ဦးဆောင်သော ကမ္ဘောဒီးယားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး တရုတ်-ကမ္ဘောဒီးယား ဥပဒေပြုရေးရုံးဌါနများအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။