အာရှဘဏ်နှင့် တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နှစ် ၃၀ ပြည်

2016-11-16 16:41:57 |သတင်းအရင်းအမြစ် 新华网

အာရှဘဏ်နှင့် တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နှစ် ၃၀ ပြည့် အထိမ်းအမှတ် အဖြစ် - တရုတ်ပြည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးမှု အနာဂတ်ရေး- ဖိုရမ်ကို မကြာမီက တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်တို့သည် ယခုအကြိမ် ဖိုရမ်ကို ပူးတွဲ ဦးစီး ကျင်းပ ခဲ့ကြောင်း တရုတ်-အာဆီယံ စင်တာ ဝက်ဘဆိုဒ် သတင်းအရ သိရပါသည်။

ယခုအကြိမ် ဖိုရမ်တွင် လွန်ခဲ့သည့် နှစ် ၃၀ အတွင်း တရုတ်ပြည် စီးပွါးရေး ဖွံ့ဖြိုးမှု၊ ဘဏ္ဍရေး အခွန်ကောက်ယူမှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။