ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေးသို့ တက်ရောက်နေသော တရုတ် ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်က၊ ရာသီဥတု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ ဦးစားပေး အဓိက နယ်ပယ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံများ တာဝန်ဝတ္တရားများ ထမ်းဆောင်ရန် လှုံ့ဆော်တိုက်တွန်းသည့် တချိန်တည်းတွင် အခြား ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေးလုပ်ငန်းကို တက်ကြွစွာ ထောက်ခံမည် ဖြစ်ကြောင်း ၁၄ ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။