ကွာဒါဆိပ်ကမ်း ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)
တရုတ်-ပါကစ္စတန် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စီးပွားရေး စင်္ကြံ ၏ ပထမ ဆုံး လမ်းကြောင်း စမ်းသပ် ကားဖြတ်သန်း မောင်းနှင်မှု ကို အောင်မြင်စွာပြုလုပ် နိုင်ခဲ့ပြီး နောက်ဆုံးတွင် ကွာဒါ ဆိပ်ကမ်း (Gwadar Port) ကို ရောက်ရှိကာ နိုဝင်ဘာ ၁၃ ရက်နေ့ တွင် ဂုဏ်ပြုပွဲ အခမ်းအနား တစ်ရပ်အား ကျင်းပ ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပါကစ္စတန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဆွန်းဝေတုံး(Sun Weidong) က “စမ်းသပ် ဖြတ်သန်း မောင်းနှင်မှု တွင် ပါကစ္စတန် နိုင်ငံ အနောက်ပိုင်းဒေသ ကို အောင်မြင်စွာ ဖြတ်သန်း နိုင်ခဲ့ပြီး ကွာဒါ ဆိပ်ကမ်း ကိုရောက်ရှိခဲ့တယ် ၊ ဤသည်မှာ စင်္ကြံတစ်ခု လမ်းကြောင်းအစုံစုံ ဟူသည့် မျှော်မှန်းချက်အား တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်နိုင်ခြင်း ဖြစ်တယ်”ဟု ပြောကြား ခဲ့ပါသည်။
ဆွန်းဝေတုံး က လက်ရှိချိန်တွင် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ တည်ဆောက်ရေးသည် ဘက်စုံ အကောင်အထည် ဆောင်ရွက်သည့် အဆင့်တို့ ရောက်ရှိနေပြီး ထင်ရှားသည့် တိုးတက်မှု များကိုလည်း ရရှိခဲ့ကြောင်း ၊ အစောပိုင်း စီိမံကိန်း ၁၆ ခု ကိုလည်း တည်ဆောက်ဆောင်ရွက်လျက် ရှိပြီး ဒေသတွင်း ပြည်သူလူထု အတွက် သောင်းနှင့်ချီသော အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Nawaz Sharif မှ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ယခု အကြိမ် ကုန်သွယ်ရေး စမ်းသပ် ဖြတ်သန်း မောင်းနှင်ကားများ ကွာဒါ ဆိပ်ကမ်း ကို ရောက်ရှိခဲ့ခြင်းမှာ နှစ်နိုင်ငံ၏ စီးပွားရေး စင်္ကြံသည် ဖော်ဆောင်မှု တစ်ခုမှ လက်တွေ့ အခြေအနေ တို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ဤဒေသ ၏ အပြန်အလှန် ချိတ်ဆက်မှု ၏ တစ်မျက်နှာသစ် တစ်ခု ဖြစ်ပြီး ဒေသတွင်း ပြည်သူလူထု တို့အတွက်လည်း လွန်စွာ အရေးပါကြောင်း ၊ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ သည် အပြန်အလှန် နားလည်သည်းခံခြင်း၏ စံနမူနာ ဖြစ်ပြီး ပါကစ္စတန် နိုင်ငံ မှလည်း ပိုမို များပြားသည့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်း များရရှိနိုင်မည် ဖြစ်ကြောင်း ၊ ထို့ပြင် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ သည် တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး(Belt and Road Initiate ) တွင် အလွန်အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ပါကစ္စတန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု တွင် ခိုင်မြဲစွာ ထောက်ခံအားပေး သွားမည် ဖြစ်ကြောင်း ၊ ပါကစ္စတန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ရပ်တည်ကာ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံကို ဆက်လက် ပိုမို ကောင်းမွန်အောင် တည်ဆောက်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အား ပိုမို အကျိုးပြုသွားစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ယခု အကြိမ် စမ်းသပ် ဖြတ်သန်း မောင်းနှင်မှု သည် တရုတ်-ပါကစ္စတန် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စီးပွားရေး စင်္ကြံဖော်ဆောင်ခဲ့ပြီးနောက် အချိန် ၃ နှစ်အကြာတွင် နှစ်နိုင်ငံ မှ ကုန်တင်ကားများက စင်္ကြံ အား လက်တွေ့ ဖြတ်သန်း မောင်းနှင် နိုင်ခဲ့ခြင်းဖြစ်သည်။ ကားများသည် အောက်တိုဘာ ၂၉ ရက်နေ့တွင် တရုတ် နိုင်ငံ ရှင်းကျန်း ၊ Kashgar မှ စတင်ထွက်ခွာ ခဲ့ပြီး Pamir ကုန်းမြင့် နှင့် Hindu Kush တောင်တန်း ကို ဖြတ်တန်းကာ Karakoram နှင့် Kunjirap Daban ကို ကျော်ဖြတ်ပြီးနောက် ပါကစ္စတန် နိုင်ငံ အနောက်ပိုင်း ဒေသ မှ တစ်ဆင့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ကီလိုမီတာပေါင်း ၃၁၁၅ ကီလိုမီတာ မောင်းနှင်ပြီး စင်္ကြံ ၏ တောင်ဘက် အစွန်ဆုံးဖြစ်သည့် ကွာဒါဆိပ်ကမ်း သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။(Xinhua)