တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ချန်ဝမ့်ချွမ်သည် ယမန်နေ့ ၁၄ရက်နေ့နံနက်ပိုင်းက တီဟီရန်မြို့တွင် အီရန် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး တယ်ဟ်ဂန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။
ထိုနေ့နံနက်ပိုင်းက ချန်ဝမ့်ချွမ်သည် အီရန် လက်နက်ကိုင်အင်အား စစ်ဦးစီးချုပ် ဘာကယ်ရီနှင့်လည်း တွေ့ဆုံခဲ့ရာ၊ နှစ်ဖက် ဆက်ဆံရေး၊ အတူတကွ အာရုံစိုက်ကြသော ကိစ္စရပ်များနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ သိရပါသည်။