လမ်ဆမ်မြစ်-မဲခေါင်မြစ် ဒေသငယ်နိုင်ငံများ ကုန်စည်ပြပွဲ ဖွင့်လှစ်

2016-11-17 11:20:35 |သတင်းအရင်းအမြစ် 国际在线

၁၅ ရက်နေ့မှာ တရုတ်ပြည် ကူမင်းမြို့၌ ကျင်းပသော လမ်ဆမ်မြစ်-မဲခေါင်မြစ် ဒေသငယ် နိုင်ငံများ ကုန်စည်ပြပွဲ ဆောင်ပုဒ်ဖိုရမ်တွင် တရုတ် နိုင်ငံတော်ကောင်စီ အတိုင်ပင်ခံ ကိုကြည့်ရုံက၊ ယူနန်ပြည်နယ်သည် ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘာဒီးယားနိုင်ငံများနှင့် အိမ်နီးချင်းဖြစ်ပြီး ဘိုးစဉ်မြေးဆက် ချစ်ကြည်ရေး အစဉ်အလာ ရှိကာ စီးပွါးကုန်သွယ်မှုမှာ ကောင်းမွန်စွာ တိုးတက်နေကြောင်း ပြောကြားသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

တရုတ် ကုန်သွယ်မှု ဖွံ့ဖြိုးရေးအသင်း ဒုဥက္ကဋ္ဌ ယင်ကျုံဟွာက၊ ၂၀၁၅ ခုနှစ်တွင် မဲခေါင်မြစ်နိုင်ငံများ၌ ယူနန်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၇၉၃ သန်း ရှိပြီး ယူနန်နှင့် မဲခေါင်မြစ်နိုင်ငံများအကြား သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ဒေါ်လာ ၁၀့ ၈၁၃ ဘီလီယံ ရှိကြောင်း ပြောကြားသည်။