ဖိလစ်ပိုင်နှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရန် တရုတ် မျှော်

2016-11-17 11:31:41 |သတင်းအရင်းအမြစ် 国际在线

ဖိလစ်ပိုင်နိုင်ငံနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရန် တရုတ်နိုင်ငံ မျှော်လင့်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် လည်ပတ်ကြည့်ရှုနေသော တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့က ၁၅ရက်နေ့တွင် ဖော်ပြခဲ့သည်ဟု၊ ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်ဖက်တို့သည် တရုတ်-ဖိလစ်ပိုင် စီးပွားကုန်သွယ်ရေး ပူးတွဲကော်မတီကို ပြန်ဖွင့်ရန် ဆုံးဖြတ်ကြပြီး တရုတ်-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်မှု ၆နှစ်တာ ဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၇ခုနှစ် နှစ်ဦးပိုင်းတွင် ချုပ်ဆိုရန် သဘောတူကြကြောင်း၊ သိရပါသည်။