ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲလာမှုဆိုင်ရာ မာရာကာရှီ ညီလာခံ ကျင်းပစဉ်အတွင်းတွင် တရုတ်ပြည်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေကို နိုင်ငံတကာမီသားစုကြီးမှ များစွာ တန်ဖိုးထား ချီးကျူးကြကြောင်း၊ ယင်းရန်ပုံငွေထားရှိခြင်းသည် တရုတ်ပြည်အနေနှင့် နိုင်ငံတကာ တာဝန်ဝတ္တရား ထမ်းဆောင်ခြင်းကို ပြသပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ခံအားပေး သည့်အပြင် အခြားနိုင်ငံများအတွက်လည်း စံနမူနာ ပြုသည်ဟု အများက ယူဆကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။