တရုတ်-လက်တင်အမေရိက ဆက်ဆံမှု အရှန်အဟုန်ကောင်းမွန်းစွာ တိုးတက်လာ

2016-11-17 11:43:39 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ အီကွေဒိုး၊ ပီရူးနှင့် ချီလီ သုံးနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ပြီး ပီရူးနိုင်ငံ လီမာမြို့၌ ကျင်းပမည့် အေပက်အဖွဲ့ ၂၄ အကြိမ် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်းသည် ရှီကျင့်ဖိန်က ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်သည့် လေးနှစ်အတွင်း တတိယအကြိမ် လက်တင်အမေရိက နိုင်ငံများ ခရီးစဉ် ဖြစ်ကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာ၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသား ထားသည်။

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်-လက်တင်အမေရိက နိုင်ငံများ အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာကာ ပူးပေါင်းဆောင်ရွက်မှုစနစ်မှာ တစ်နေ့ထက်တစ်နေ့ ရင့်ကျက် ပြည့်စုံ ကောင်းမွန်လာကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း တရုတ်-လက်တင်အမေရိက ကုန်သွယ်မှု စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၂၃၆့  ၅၄၅ ဘီလီယံ ရှိပြီး ၂၀၀၀ ပြည့်နှစ်ကထက် ၂၂ ဆ တိုးလာကြောင်း၊ တရုတ်နိုင်ငံသည် လက်တင်အမေရိက၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နှင့် အဓိက ရင်းနှီးမြှုပ်နှံရေးနိုင်ငံ ဖြစ်လာပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။