ရှီကျင့်ဖိန်သည် လက်တင်အမေရိကသုံးနိုင်ငံ ခရီးစတင်မည်

2016-11-17 11:44:52 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အီကွေဒိုး သမ္မတ၊ပီရူး သမ္မတ နှင့် ချီလီ သမ္မတတို့၏ ဖိတ်ကြားချက်အရ ယင်းသုံးနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန် ၁၆ရက်နေ့ နံနက်ပိုင်းမှာ အထူးလေယာဉ်ဖြင့် ပီကျင်မှ ထွက်ခွာသွားခဲ့ကြောင်း၊ ပီရူး သမ္မတ၏ ဖိတ်ကြားချက်အရ အေပက်အဖွဲ့ ၂၄အကြိမ်ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘောအစည်း အဝေးသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရှိပါသည်။