တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည် ဝူးကျင့်မြို့၌ ကျင်းပသော တတိယ အကြိမ်မြောက် နိုင်ငံတကာ အင်တာနက် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုဖရီကွင့်ဆီ မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ အင်တာနက်သည် ယနေ့ခေတ်တွင် ရှင်သန်မှု အရှိဆုံးသော နယ်ပယ် ဖြစ်ကြောင်း၊ အင်တာနက်လုပ်ငန်း လျင်မြန်စွာ တိုးတက်လာခြင်းသည် လူသားလောက အတွက် အခွင့်ကောင်းနှင့် စိန်ခေါ်မှုအသစ်များကို ဆောင်ကျဉ်းလာကြောင်း၊ အင်တာနက် ဖွံ့ဖြိုးမှုသည် နယ်စည်းမခြား ဖြစ်ပြီး အင်တာနက်လုပ်ငန်း စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ အင်တာနက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ မိသားစုကြီးနှင့်အတူ အင်တာနက် လုပ်ငန်းတွင် တန်းတူရည်တူ လေးစားရေး၊ ဆန်းသစ်တီထွင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တံခါးဖွင့်ပြီး အတူ မျှဝေခံစားရေးနှင့် လုံခြုံပြီး စနစ်တကျ ဖြစ်စေရေး ရည်မှန်းချက်ကို ဖေါ်ဆောင်စေရန် တွန်းအားပေးလိုပါကြောင်း ပြောကြားသည်။