တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၆ ရက်နေ့တွင် အီတလီ စာတင်နီယာကျွန်း၌ အီတလီ ဝန်ကြီးချုပ် ရင်ဇီနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ အီတလီသည် ဥရောပသမဂ္ဂတွင် တရုတ်နိုင်ငံ၏ ယုံကြည်အားထားရသော မိတ်ဆွေကောင်းနှင့် အရေးကြီး ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်သည် အီကွေဒိုး၊ ပီရူးနှင့် ချီလီ သုံးနိုင်ငံသို့ ခရီးထွက်ခွါစဉ် စာတင်နီယာကျွန်း၌ ခေတ္တ ရပ်နားရာတွင် အီတလီ ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။