တရုတ်နိုင်ငံနှင့်အင်တာနက်ကျယ်ပြန့်မှု

2016-11-18 10:18:15 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတွင်အင်တာနက်အသုံးပြုမှုအနေဖြင့် WeChat ကိုတွင်ကျယ်စွာအသုံးပြုမှုများပြားပါသည်။အခြားလူမှုကွန်ယက်များဖြစ်ကြသည့် FB Viber LINE စသည့်ဆက်သွယ်ရေးကွန်ယက်များကိုမူအသုံးပြုမှုအနည်းငယ်သာတွေ့ရပါသည်။တရုတ်နိုင်ငံတွင်OnLineShoppingကိုတွင်ကျယ်စွာအသုံးပြုကြပါသည်။OnLineShoppingကိုအသုံးပြုခြင်းဖြင့်အချိန်ကုန်သက်သာခြင်း၊မိမိတို့လိုချင်သောပစ္စည်းများကိုအလွယ်တကူရှာဖွေနိုင်ခြင်းစသည့်အားသာချက်များရှိသည်ကိုတွေ့ရှိရပါသည်။လူငယ်များအနေဖြင့်လမ်းသွားရင်းအင်တာနက်အသုံးပြုခြင်း၊မြေအောက်ရထားစီးရင်းဖုန်းဖြင့်အင်တာနက်သုံးစွဲခြင်းများကိုလည်းတွေ့ရပါသည်။မြေအောက်ရထားစီးရင်းအင်တာနက်သုံးစွဲခြင်းသည်အန္တရာယ်မရှိသော်လည်းလမ်းသွားရင်းအင်တာနက်သုံးစွဲခြင်းသည်အန္တရာယ်ရှိသည်ဟုကျွန်မမြင်ပါသည်။FB သုံးစွဲခြင်းကိုကန့်သတ်ထားခြင်းဖြင့်လူငယ်လူရွယ်များအဖြစ်များလေ့ရှိသော FB ပေါ်တွင်တွေ့ဆုံချစ်ကြိုက်ရာမှနောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သောအမှုအခင်းများကိုကြိုတင်ကာကွယ်ရန်အတွက် FB သုံးစွဲခြင်းကိုကန့်သတ်ထားခြင်းဖြစ်မည်ဟုထင်မြင်မိပါသည်။OnLine တွင်ဈေးဝယ်ခြင်းအားဖြင့်အချိန်ကုန်သက်သာသည်ဆိုသော်လည်းရံဖန်ရန်ခါတွင် OnLine မှမှာယူလိုက်သောတချို့ပစ္စည်းများတွင်အပြစ်အနာအဆာတစ်စုံတစ်ရာပါလာခြင်း၊OnLine တွင်ပြထားသောပစ္စည်းနှင့်အနည်းငယ်လွဲမှားနေခြင်းများဖြစ်နေတတ်ပါသည်။အရာရာတိုးတက်နေသောတရုတ်နိုင်ငံတွင်ဝန်ထမ်းလစာများကိုဘဏ်တွင်ကဒ်ဖြင့်ထုတ်ယူနိုင်ယူနိုင်ခြင်းကိုလည်းတွေ့ရပါသည်။အင်တာနက်သည်သုံးတတ်လျှင်၊အသုံးချစရာနည်းလမ်းကောင်းများစွာရှိသော်လည်း အသုံးမတတ်လျှင်ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်ဆိုးကျိုးများလည်းများစွာရှိနေသည်ဆိုတာကိုတော့သုံးစွဲသူ လူငယ် လူရွယ်များဆင်ခြင်ဥာဏ်ဖြင့်သုံးစွဲရမည်သာဖြစ်ပါသည်။ြ

မန်မာ့အသံနှင့်ရုပ်မြင်သံကြား (အသံလွှင့်ဌာနခွဲ)မှေ

ဒ်ါသင်းသင်းခိုင်(ဦးစီးအရာရှိ-ထုတ်လုပ်ရေးမှူး)