မဟာမဲခေါင်မြစ် ဒေသငယ် သုတေသနပြုရေး အဖွဲ့ချုပ်သည် ယခုလ ၁၆ ရက်နေ့က တရုတ်ပြည် ကူမင်းမြို့၌ ၁၁ ကြိမ်မြောက် နိုင်ငံတကာ သုတေသန အစည်အးဝေးကို ကျင်းပ ခဲ့ရာ မဲခေါင်မြစ် ဒေသငယ် နိုင်ငံများမှ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် စွမ်းအင် ဆန်းသစ်ရေး၊ ပတ်ဝန်းကျင်နှင့် ဆက်တိုက် ဖွံ့ဖြိုးရေး အကြောင်းများကို ဆွေးနွေးခဲ့ကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။
မဟာမဲခေါင်မြစ် ဒေသငယ် နိုင်ငံများတွင် ကမ္ဘာဒီးယား၊ တရုတ် ယူနန်နှင့် ကွမ်ရှီး ပြည်နယ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ကြောင်း သိရပါသည်။