စီအာအိုင် ပြည်တွင်းပြည်ပ သတင်းထောက်များအဖွဲ့သည် ယခုလ ၁၅ ရက်နေ့တွင် တရုတ်ပြည် ကွေ့ကျိုးပြည်နယ် ဖမ်ရှန့်ခရိုင် အမှတ်(၂) အလယ်တန်းကျောင်း၌ လှူဒါန်းပွဲကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းလှူဒန်းပွဲသည် စီအာအိုင် အသံလွှင့်ဌာနက ယင်းဒေသ၌ ဆင်းရဲသော ကျောင်းသူကျောင်းသားများအား ရည်စူးပြီး ပြုလုပ်သော ကုသိုလ်ပြု လှုပ်ရှားမှု ဖြစ်ပြီး ယင်းလှုပ်ရှားမှုကို ဆယ်နှစ် ဆက်တိုက် ပြုလုပ်ပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။လှူဒါန်းပွဲတွင် စီအာအိုင် ပြည်တွင်းပြည်ပ သတင်းထောက်များသည် အလှူငွေများကို ကျောင်းသူကျောင်းသားအား ပေးအပ်ခဲ့ကြသည်။လှူဒါန်းပွဲ အပြီးတွင် စီအာအိုင် အရှေ့တောင်အာရှဌာန ခေါင်းဆောင် အန်ရှောင်ယူသည် ကျောင်းသူကျောင်းသားများအတွက် အာဆီယံသို့ ဝင်ရောက်ခြင်း ခေါင်းစဉ်ဖြင့် အိုးပင်း သင်တန်းကိုလည်း ပြုလုပ်ခဲ့သည်။