နှစ်နိုင်ငံ ဆက်ဆံရေး ၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ နိုင်ငံတော်၏အတိုင်ပင်ခံ

2016-11-21 09:26:38 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ လစ်သူယေးနီးယားနိုင်ငံ၊ ခရိုအေးရှားနိုင်ငံနှင့် ဘူတန်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် ယနေ့ နိုဝင်ဘာ ၁၈ ရက်တွင် သီးခြားစီ တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာ ဂျုံဟိုဘွန် အား နံနက် ၁၀ နာရီတွင် လည်းကောင်း၊ လစ်သူယေးနီးယားနိုင်ငံ သံအမတ်ကြီး မစ္စ အီနာမာစီယို လီယိုညက်အား နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် လည်းကောင်း၊ ခရိုအေးရှားနိုင်ငံ သံအမတ်ကြီး မစ္စတာ ခရက်ဆိုဂလာဗာ့(ဂ်ျ) အား ၁၀ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ ဗန်ကောက်မြို့အခြေစိုက် ဘူတန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ရှီဝမ်ချိုဖယ်လ် ဒိုဂျီ အား နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လည်းကောင်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)