ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အီကွေဒေါ ခရီးစဉ်သည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရ

2016-11-21 09:35:04 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့မှစ၍ အီကွေဒေါ နိုင်ငံသို့ ခရီးလှည့်လည်နေသည်။ လွန်ခဲ့သည့်နှစ်များမှာ တရုတ်-အီကွေဒိုး ဆက်ဆံရေးသည် လျင်မြန်စွာ တိုးတက်လာပြီး နှစ်ဖက်တို့သည် စွမ်းအင်၊ နည်းပညာနှင့် အခြေခံ အဆောက်အဦး ဆောက်လုပ်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် တိုးတက်လာနေသည်။ အီကွေဒေါ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရေးကို တိုးမြှင့်ပေးနိုင်ရန် မျှော်လင့်ကြသည်။

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နှင့် အီကွေဒေါ နှစ်နိုင်ငံတို့သည် စွမ်းအင်၊ သတ္ထုနှင့် အခြေခံ အဆောက်အဦး ဆောက်လုပ်ရေး နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများ ရရှိခဲ့ပြီး လုပ်ငန်းစဉ် အချို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စံနမူနာကောင်း ဖြစ်လာပြီ ဖြစ်ကြောင်း၊ အီကွေဒိုးနိုင်ငံ၌ လက်ရှိ ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်နေဆဲ ရေအားလျှပ်စစ်ဓါတ်အားပေးစခန်း ၈ ခု အနက် ၇ ခုတွင် တရုတ် လုပ်ငန်းကုမ္ပဏီများက ပါဝင်ဆောက်လုပ်နေကြောင်း သတင်း ရရှိပါသည်။