တရုတ်-အီကွေဒေါ ထိပ်သီးခေါင်းဆောင် တွေ့ဆုံဆွေးနွေး

2016-11-21 09:37:38 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့တွင် ကွီတိုမြို့၌ အီကွေဒေါ သမ္မတ ကော်ရီယာနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ ခေါင်းဆောင် နှစ်ဦးတို့သည် တရုတ်-အီကွေဒေါ ချစ်ကြည်ရေး အစဉ်အလာကို ချီးကျူးပြီး နှစ်ဖက် ဆက်ဆံမှုကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု အဖြစ် မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် တန်းတူရည်တူ ဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေးနှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တိုးမြှင့်ရန် သဘောတူကြကြောင်း၊ နှစ်ဖက်တို့သည် တရုတ်နှင့် အီကွေဒေါနိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထူထောင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။