တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အီကွေဒေါ နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန် ဒေသစံတော်ချိန် ၁၇ ရက်နေ့က အထူးလေယာဉ်ဖြင့် ကွီတိုမြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ အီကွေဒေါ သမ္မတ ကော်ရီယာသည် လေဆိပ်၌ ရှီကျင့်ဖိန်အား ကြိုဆိုပွဲ အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။