ကိုစိန်ခွန်က လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် တွေ့ဆုံ

2016-11-21 09:42:55 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော် ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ကိုစိန်ခွန်သည် နိုဝင်ဘာလ ၁၇ရက်နေ့က ပီကင်းမြို့၌ လာအိုပြည်သူ့လုံခြုံရေးဝန်ကြီး စွန်ကီအို စီလာဗွန်နှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ဝန်ကြီးအဆင့် တွေ့ဆုံရေးစနစ်ကို ပိုမိုလျင်မြန်စွာ ထူထောင်ရန်၊ နှစ်ဖက်နှင့် မဲခေါင်မြစ်ဝှမ်းတွင် ကြပ်မတ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် နက်ရှိုင်းစေရန်နှင့် အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုကို ထိရောက်စွာ တိုက်ဖျက်ရန် မျှော်လင့်ကြောင်း၊ ကိုစိန်ခွန်က  ပြောကြားပါသည်။

လာအိုပြည်သူ့လုံခြုံရေးဝန်ကြီး စွန်ကီအိုကလည်း တရုတ်နိုင်ငံနှင့် ဥပဒေကျင့်သုံးရေး ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားဖြည့်လိုပြီး နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် အဆက်မပြတ် တွန်းအားပေးလိုကြောင်း၊ ပြောကြားပါသည်။